မုံရွာ ဒီဇင်ဘာ ၁၃
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များအား စံနှုန်းနှင့်မညီသောဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ကွင်းဆင်းစစ်ဆေးရေး ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မုံရွာက ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူဌာနခွဲတာဝန်ခံ၊ ထုတ်လုံဌာနခွဲတာဝန်ခံနှင့်အတူ မုံရွာခရိုင်ရုံးဝန်ထမ်းများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့သည် စျေးကွက်အတွင်း ကျန်းမာရေးရှုထောင့်၊ စားသုံးသူရှုထောင့်ဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု့ရှိစေရန်အတွက် ဆေးအရောင်းဆိုင်ပေါင်း(၇)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပေးပြောကြားခဲ့ကြကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ပြောကြားခြင်း၊ မြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များနှင့် လူသုံးကုန်အရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)