ကျိုက်ထို ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က ကလေးသူငယ်အခွင့်အရေးများနှင့် လိုက်နာရမည့်စည်းကမ်းများကို ကလေးသူငယ်များနှင့် အုပ်ထိန်းသူမိဘများသိရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show အစီအစဉ်ကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင်က ကလေးသူငယ်ဆိုသည်မှာ၊ ကလေးသူငယ်၏အခွင့်အရေးများ၊ ကလေးသူငယ်များလိုက်နာရမည့်စည်းကမ်းများ၊ ကလေးသူငယ်များအပေါ် ကျရောက်နိုင်သည့်အန္တရာယ်ကို ကာကွယ်နိုင်မည့်နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး(ကျိုက်ထို)