​အမရပူရမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

အမရပူရ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် ယ​မန်နေ့၊ နေ့လယ်  ၂ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊​ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးစီးအရာရှိနှင့် စာကြည့်တိုက် တာဝန်ခံ ဒေါ်သန္တာထွန်းတို့က အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။ ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူလေးများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ( အမရ)