မရမ်းကုန်း ဒီဇင်ဘာ ၁၃
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ် (၂၀၂၂) ခုနှစ်အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေများအား ရှင်းလင်ချပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရှေ့ဦးစွာ မရမ်းကုန်းမြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးရးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူ ရဲမှူးမျိုးမြင့်ဦးက Power Point ဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မများ၊ သတိပြုရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်ကြောင်းအရာများကို Power Point ဖြင့် အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်သူများက သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ခင်မောင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)