သတင်းများ

ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Dec 14,2022
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲဇီး(မူလွန်)ကျောင်း၌ ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ Cross Check စစ်ဆေးခြင်းလုပ်ငန်း One Unit အတွက်ဆောင်ရွက်
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ မဲစာရင်းမှန်ကန်‌စေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို Cross Check စစ်ဆေးခြင်းလုပ်ငန်း One Unit အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ကော်မရှင်အဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးနှင့် မြို့နယ်တွင်းတည်ငြိမ်အေးချမ်းရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးတို့ဖြင့် မဲစာရင်းမှန်ကန်‌စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး  ကျင်းပခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာ၌ ဒီဇင်ဘာအထူးစာအုပ်ဈေး ရောင်းပွဲတော်ကျင်းပ
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊  ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာ၌ ဒီဇင်ဘာအထူးစာအုပ်စျေးရောင်းပွဲတော်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့၊ နံနက် ၉ နာရီမှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
မိုးညှင်းမြို့၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေးနွေး
Dec 14,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေဖြူမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ
Dec 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယနေ့‌နေ့လယ် ၂ နာရီက ရေဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
လောင်းလုံးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်နေ ပြည်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပ ဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဆင်စွယ်ကွတ် ရပ်ကွက်ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို (၁၂-၁၂-၂၀၂၂) ရက်နေ့ နေ့လယ် ၁ နာရီက အဆိုပါရပ်ကွက်ရှိ တောင်မင်းကြီး ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။