မြစ်ကြီးနား ဒီဇင်ဘာ ၁၅
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းများအား မြစ်ကြီးနားခရိုင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့သို့ မိတ်ဆက်ရှင်းလင်းခြင်း၊ ဖြန်ဝေခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇင်က ခရိုင်အတွင်း လူကုန်ကူးမှုများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြစ်ကြီးနားမြို့ အမှတ်(၁၂) လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူးစိုးမင်းက လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်များကို အဖွဲ့ဝင်များအား မိတ်ဆက်ရှင်းလင်းပြီး ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်လူမှုဝန်ထမ်းဦးစီးဌာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေနိုင်က မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ကာ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် စာအုပ်များကို တက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များထံသို့ ဖြန့်ဝေပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)