မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Dec 16,2022
လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ မိုးနဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကိုကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။