သတင်းများ

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community   Centre) တွင် ကလေးများ ကျန်းမာ ကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်မြှင့်မားလာစေမည့် ပြိုင်ပွဲများကျင်းပ
Dec 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community    Centre)တွင် ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် ဖားခုန်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ကွင်းပစ် ပြိုင်ပွဲများကို ယမန်နေ့နေ့လည်(၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက် သရုပ်ပြပွဲ ကျင်းပ
Dec 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက် သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက လှည်းဆိပ်ကျေးရွာအုပ်စု၊ တောင်သူဦးအောင်မြင့်ဦး၏ ကွင်းအမှတ် ၉၉B လယ်ယာမြေဧက (၁၀၀) ကွင်းတွင် ကျင်းပခဲ့သည်။
အောင်လံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းရွှေကြာ(၂) ဆောင်းနေကြာမျိုးစေ့ထုတ်(၅)ဧက စံပြကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စု၊ ပန်းမတကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလှအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက နေကြာသီးနှံ(သီးသန့်) စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်
Dec 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည် ၂နာရီက ဟိုင်းနားကြီးကျေးရွာအုပ်စု၊ ဟိုင်းနားလေးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အိပ်ဆောင်အလိုက် Myanmar Fitness Dance ပြိုင်ပွဲကျင်းပ
Dec 16,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေး အိပ်ဆောင်အလိုက် Myanmar Fitness Dance ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် အားကစားရုံးခန်းမ၌ ကျင်းပသည်။
ကာမိုင်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စကားပုံဆက်ပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ
Dec 16,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဟုမ္မလင်း၌ ကလေးငယ်အခွင့်အရေးများဆိုင်ရာ မြို့နယ်အဆင့် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 16,2022
စစ်ကိုင်းတိုင်းဒေကြီး၊ ဟုမ္မလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၁) နာရီတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ မြို့နယ်အဆင့် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Dec 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတို့ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။