မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ  ဒီဇင်ဘာ  ၁၆

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစား တွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း (၁၅၇)အုပ်ကို သယ်ဆောင်ကာ မိုင်းတုံမြို့ ဝမ်မိုင်ရပ်ကွက်၊ မြို့မရပ်ကွက်၊မြန်မာ့စီးပွား‌ရေးဘဏ်နှင့် ကော်မရှင်ရုံးများသို့ သွားရောက်၍ စာပေ ချစ်သူ၊စာဖတ် ပရိတ်သတ်များထံသို့  ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ရင်း စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ကြောင်း ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ဝင်းဝင်းခိုင်၊(မိုင်းတုံ၊ပြန်/ဆက်)