စမ်းချောင်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေး ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကွက်စာရေးများနှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းက မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရာတွင် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး ရပ်ကွက်စာရေး တစ်ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် Volunteer များ စုစုပေါင်း (၅)ဦးတို့ဖြင့် ရပ်ကွက်မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကွက်စာရေးတို့က ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီလာစိုး