တောင်ကုတ်မြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

တောင်ကုတ် ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန် မြို့မအားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေ့ဦးစွာ ပြိုင်ဝင်အားကစားသမားများက ပွဲကြည့်စင်မြင့်ရှေ့တွင် နေရာယူပြီးနောက် ဆုပေးပွဲ အခမ်းအနားများကို စတင်ရာ ချောတိုင်တက်ပွဲရွှေအောင်လံဆု၊ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲနှင့်ဂျပန် ဂိုးကျဉ်းပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုရရှိကြသည့် အသင်းများသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီးနောက် အခမ်းအနားကို ပိတ်သိမ်းသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ တောင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည် တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများ ၊ ‌ကျောင်သား ၊ ကျောင်းသူ များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်