သတင်းများ

မြိတ်မြို့တွင် ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကသင်တန်းဆင်းပွဲကျင်းပ
Dec 16,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် ကလွင်-ရေပုန်း ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာ၌ ဖွင့်လှစ်ခဲ့သော ကရင်ရိုးရာ ယဉ်ကျေးမှုအကသင်တန်းကို ယနေ့နေ့လယ်ပိုင်းက အထက (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ပြည်တက္ကသိုလ် Canteen ဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Dec 16,2022
ပဲခူးတိုင်းဒေသကြီး  ပြည်တက္ကသိုလ်၌ အစားအသောက်များ ရောင်းချလျက်ရှိသော Canteen ဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/ မရှိအခြေအနေကို  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်း၍ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် မြို့နယ်အတွင်း ကျေးရွာများသို့  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများ တစ်လျှောက်ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် စာအုပ်ပြပွဲ ပြုလုပ်
Dec 16,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းကျင်းပ
Dec 16,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၂ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) မှ မိုးပန်းမွန် (ရာမည) ၏ “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” လူငယ်တို့အတွက် အတွေးစာစုများစာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မိုင်းဆတ်မြို့နယ်၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်
Dec 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြာပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ များကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။