ထန်းတပင်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၆

နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သော လွတ်လပ်ရေးနေ့ကို ပြည်သူများ အစဉ်အမြဲ သတိရနေစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်က (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့၀င် ဦးအောင်ဇင်မျိုးက လွတ်လပ်ခြင်း၏ အရသာ၊ လွတ်လပ်ရေးဆိုသည်မှာ၊ နယ်ချဲ့တို့၏ ကျူးကျော်စစ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ၊ ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)