ဝိုင်းမော်မြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဝိုင်းမော် ဒီဇင်ဘာ ၁၈

ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဝိုင်းမော်ဇုံနယ် လီဆူအသင်းတော်ဝတ်ပြု ဘုရားကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က စာဖတ်ရှိန် မြင့်တင်ရေးအတွက် စာပေဖတ်ရှုကြရန်နှင့် ဌာန၏ လုပ်ငန်း‌ဆောင်ရွက်နေမှုများအား မိတ်ဆက်ပြီး အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရ စာရေးဆရာအကြီးကိုကို (ကသာ) က မျိုးဆက်သစ် လူငယ်လူရွယ်များ လမ်းမှားမရောက်ရှိရေးနှင့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ "ဘဝအတွက် စာဖတ်ပါ" ခေါင်းစဉ်ဖြင့် အသိ ပညာ‌‌ပေး ဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များအား မေးမြန်းပြီး စာရေးဆရာ အကြီးကြီးကိုကို (ကသာ)က ပြန်လည်ဖြေကြားပြီး ဆုများ အသီးသီချီးမြှင့်ပြီး သုတစာအုပ်များကို လှူဒါန်းပေးအပ်ခဲ့သည်။

ဖြူစင်(ပြန်/ဆက်)