ရွှေဘို ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မေအင်ကြင်းက လူ့အခွင့်အရေးအဓ္ဓိပါယ်၊ လူ့အခွင့်အရေးတွင် ပါဝင်သည့် အချက်များ၊ ကလေး၏ အဓ္ဓိပါယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့် အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ထောက်ပံ့ပေးနေမှုများ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် ပြည်သူများ သိသင့်သိထိုက်သည့် အချက်များ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)