မိုင်းယန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ဓာတ်ပုံပြပွဲ ကျင်းပ

မိုင်းယန်း   ဒီဇင်ဘာ  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာကျောင်းနှင့်ပူးပေါင်းစီစဉ်ကျင်းပသော (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲနှင့် ဓာတ်ပုံပြပွဲ ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးမှ ပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်အခြေခံပညာအထက် တန်းကျောင်း(မိုင်းယန်း)မှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရယူကြိုးပမ်းခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး