သာပေါင်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ ဆောင်းနေကြာ ရေဆင်း(၁) မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၇ နာရီက အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာ၊ ကွင်းအမှတ် ၅၅၄ B၊ တောင်သူ ဦးမြင့်ဝင်း၊ ဦးပိုင်အမှတ်(၁၃)၏ လယ်မြေ(၅)ဧက၌ ကျင်းပကြသည်။
ကွင်းသရုပ်ပြပွဲတွင် သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်လွင်က တောင်သူများအား နေကြာစိုက်ပျိုးရာမှာ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာ၊ တောင်သူဦးမြင့်ဝင်း၊ ကွင်းအမှတ်(၅၅၄B)၊ ဦးပိုင်အမှတ်(၁၃)၊ ဧရိယာ(၅)ဧက နေရာတွင် ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်လွင်၊ လယ်စီအင်းဦးစီးအရာရှိ ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများ၊ တောင်သူတို့မှ လက်တွေ့စိုက်ပျိုးထည့်ခြင်းများ ဆောင်ရွက်ကြ၍ ကြည့်ရှူအားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်