အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) U 21 အောက်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

အမ်း  ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) U 21 အောက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ၃နာရီအချိန်က မြို့မအားက စားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်း ပပြုလုပ်ခဲ့သည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန် ဉာဏ် ရည်မြင့်မားသည့် အားကစားသမားများ ပေါ်ထွန်းရေး၊ မြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများ မူးယစ်ဆေးဝါးကင်းစင်၍ လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ် ပေးနိုင်ရန်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာများမှပြိုင်ပွဲဝင်အသင်း (၁၁)သင်းတွင် ဘောလုံးအားကစားသမား(၁၃၂)ဦး ပါဝင်ယှဥ်ပြိုင်မှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ဘောလုံးအားကစားအရည်အချင်းများကို ပြသခွင့် ရတဲ့ပြိုင်ပွဲဖြစ်ပါကြောင်း၊ အားကစားသ မားများအနေဖြင့် အားကစားစည်းကမ်းချက်များအတိုင်း စနစ်တကျယှဥ်ပြိုင်ကစားမှသာ ပြည်သူလူထုရဲ့အား ပေးမှုကိုရရှိလာမည်ဖြစ်တဲ့အတွက် စည်းကမ်းရှိစွာ ကစားကြစေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသမားများ၏ သစ္စာအဓိဌာန်ရွတ်ဆိုကြ၍ ပြိုင်ပွဲပထမနေ့တွင်လေယာဥ်ကွင်းရပ်ကွက်နှင့် စျေးတောင်ရပ်ကွက်အသင်းတို့ စတင် ယှဥ်ပြိုင်ကစားခဲ့ကြသည်။အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် ဘောလုံးအသင်း (၁၁)သင်းမှ အားကစားသမားများတက်ရောက်ခဲ့ ကြပြီးဘောလုံးပြိုင်ပွဲတွင်  ပထမဆု(၁၀)သိန်းကျပ်၊ဒုတိယဆု(၇) သိန်းကျပ်၊တတိယဆုတ(၅) သိန်းကျပ်၊ အကောင်းဆုံး အားကစားသမားဆု တစ်ဆုလျင် (၅)သောင်းကျပ်နှုန်းဖြင့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

စိုးမင်းထွန်း