ရွှေသောင်ယံ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီက (၂၀၂၂-၂၀၂၃) ဆောင်းသီးနှံနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားကို အုန်းချောင်းကျေးရွာ ၁၉၉၂ (ပြင်)ဦးပိုင်အမှတ် (၁၄)တောင်သူဦးဝါးလေး၏ လယ်မြေ(၁၂)ဧကတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဇော်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ တောင်သူများထံသို့ ဆောင်းသီးနှံ နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ လယ်မြေအတွင်း ဆောင်းသီးနှံ နေကြာမျိုးစေ့ချ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)