ဒီဇင်ဘာ အားကစားလှုပ်ရှားမှုတစ်ရပ် အနေဖြင့် အားကစားနှင့်ကာယာပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစား ပြိုင်ပွဲများကျင်းပ

ရေဦး ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ  အထက်တန်းကျောင်း  အားကစားကွင်း၌  ကျင်းပခဲ့သည်။

ဒီဇင်ဘာအားကစားလှုပ်ရှားမှုတစ်ရပ် အနေဖြင့် အခြေခံပညာ မူကြိုတန်း၊ မူလတန်း၊ အလယ်တန်း အထက်တန်းအဆင့် အမျိုးသား အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသားခြေပူးပြိုင်ပွဲနှင့် ခြေထောက် အိတ်စွပ်အပြေး ပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး ဂေါ်လီလုံးကောက်၊ အာလူးကောက်၊ ဆန်ကောရွက်၊ သံပုရာသီးကိုက်၊ မုန့်ကိုက်၊  ပူစီဖောင်းဖောက်၊ နံပါတ်ရွေးချယ်ပြိုင်ပွဲ၊ အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲအသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအလိုက် ပထမ ဒုတိယ တတိယဆုရရှိသူများကို ဒီဇင်ဘာတတိယပတ်တွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)