သတင်းများ

ပဲခူးမြို့တွင် “အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ” အသိပညာပေး Talk Show အစီအစဉ် ကျင်းပ
Dec 12,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ “အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီကပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် မဲဆန္ဒရှင်များမှန်ကန်စွာ မဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 12,2022
မြဝတီမြို့တွင်လာမည့်  ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေး ကောက်ပွဲတွင်  ပြည်သူလူထုအနေဖြင့်   မှန်ကန်သော  မဲအရေအတွက်နှင့်   မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးတို့ကို  ကြီးကြပ်ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအား  ရွေးကောက်ပွဲနှင့်ပတ်သက်သည့်  နယ်မြေဒေသအလိုက် မြေပြင်စာရင်း ကောက်ယူပြုစုနိုင်ရေးတို့အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက  မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကျင်းပ
Dec 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်  ၁၀  နာရီက စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာရေးဆရာမခင်စောတင့်ရေးသားသော “ဘဝအသစ်ရဲ့အစများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရွှေကျင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Dec 12,2022
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း ဖွဲ့စည်း၍ ကျေးရွာများအ‌ရောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်‌နေ့ မွန်းလွဲ ၁ နာရီက ငါးခူအိုင်ကျေးရွာအုပ်စု၊‌ အောင်မြင်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အ.ထ.က ပုသိမ်ကြီးကျောင်းတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီးကျောင်းတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူရေးညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မအီမြို့နယ် ခြေတော်ရာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Dec 12,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက မအီမြို့၊ ခြေတော်ရာကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။