သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 13,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး၊ လူအများရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာ ဗဟုသုတများဖြင့် ပြည့်စုံသောလူငယ်များပေါ်ထွန်းလာစေရန် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သာစည်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။