ရွှေကျင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ပြုံးပြုံးရီက ကလေး သူငယ်၏ အသက်ပိုင်းခြားကာလ ကလေးသူငယ်၏အဓိပ္ပာယ် အသက်မပြည့်‌သေးသော ကလေးသူငယ်များကို ခိုးယူပေါင်းသင်းမှု၊ ကလေးအချင်းချင်းခိုက်ရန်ဖြစ်ပွားမှု၊ ဓမ္မတာနှင့်ဆန့်ကျင်သောကာမယှက်ဆက် မှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးခင်ဝင်းနိုင်၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)