အ.ထ.က ပုသိမ်ကြီးကျောင်းတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီးကျောင်းတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းတို့ကို ခင်းကျင်းပြသခဲ့ကြပြီး၊ ရုပ်ပြစာအုပ်နှင့် သုတရသ စာအုပ်များကို ကျောင်းသား၊ကျောင်းသူများအပြင် ဆရာ/ဆရာမများလည်း လေ့လာဖတ်ရှုနိုင်ရန် ပြသခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးဇင်မင်းထွန်းထံမှ သိရသည်။

ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)