ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာရေးဆရာဒေါက်တာ ခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂နာရီ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့် အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွားရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း "စာအုပ်ပါစာစုများမှ မှားမှာကို မကြောက်ပါနဲ့၊ အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း စသည့်အကြောင်းအရာများကို ဦးစီးမှူးနှင့်စာဖတ်ဝိုင်းချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင်များက ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)