အိမ်မဲ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် အတွင်းရှိဆေးဆိုင်များတွင် ရက်လွန် ဆေဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ရောင်းချမှုရှိ၊ မရှိစစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့သည်။
“ရက်လွန်ဆေးဝါး၊ ဆေးဝါးအတု များရောင်းချမှုမရှိစေရန်နဲ့ ပြည်သူများကျယ်ကျယ်ပြန့်ပြန်သိရှိ စေရန်ဆေးလာရောက်ဝယ်ယူတဲ့သူများကိုလည်းဆွေးနွေးပြောကြားပေးခဲ့ကြောင်း” မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ကဲသို့စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချနေသော ဆေးဆိုင် (၁၉)ဆိုင်တွင် ရက်လွန်ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီ ဆေးဝါးများ ရောင်းချမှုရှိ၊ မရှိနှင့် ဆေးဆိုင်လိုင်စင် ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း အဆိုပါ ဆေးဝါးများ ရောင်းချမှုမရှိစေရအတွက် အပတ်စဉ် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တစ်ခင် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ချစ်သက်လယ်(အိမ်မဲ)