ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်ဦး  ဒီဇင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေး စစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်  ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ပုဂံမြို့  ရွှေတွင်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံ ပြည်သူလူထုနှင့်တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးကြရာ ညောင်ဦးမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနန်းတင့်မှ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့အား ကျယ်ကျယ်ပြန်ပြန့် ရှင်းလင်းဆွေးနွေးခြင်းနှင့်ဒေသခံပြည်သူများမှ လိုအပ်ချက်များတင်ပြ တောင်းခံရန်ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးကျော်မြင့်အောင်မှရွေးကောက်ပွဲ (PR) စနစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး အောင်မင်းက နယ်မြေဒေသလုံခြုံရေး၊တရားဥပဒေစိုးမိုး ရေးမှုခင်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအကြောင်းအရာများ ဆွေးနွေးဟောပြောကြပြီး  ဒေသခံပြည်သူများနှင့်ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည် သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ  ပန်းခင်း(၂)စီမံချက်ဖြင့် အိမ်ထောင်စုဇယာများ ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်များပြု လုပ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နတ်ကြို့အိုင်ကျေးရွာ သူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ