သိန္နီမြို့နယ်တွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

သိန္နီ  ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးသူငယ်များနှင့်ပတ်သက်သည့်အခွင့်အရေးနှင့်ဥပဒေများကို သိရှိစေရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင်သိန္နီမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်သန်းကကလေးသူငယ် အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင် ရွက်ခွင့်နှင့် အခြေခံမူများဖြစ်သော အကောင်းဆုံးအကျိုးစီးပွားကိုဖြစ်ထွန်းစေသောမူ၊ အသက်ရှင်သန်ခွင့် နှင့်ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ခွဲခြားဆက်ဆံခြင်းမရှိစေသောမူ၊ ကလေးပြောသောစကားကိုအလေးထားသောမူများနှင့် ကလေးနှင့်လူကြီး နှိုင်းယှဉ်ချက်များ၊ နိုင်ငံတော်မှ ပြဌာန်းထားသည့် ကလေးလူငယ်အခွင့် အရေးများဆိုင်ရာဥပဒေပုဒ်မများအတိုင်း ကာကွယ်ပေးရ မည်ဖြစ်ကြောင်း နှင့်ပြစ်မှုတစ်ခုခုကျူးလွန်ပါက သတ်မှတ်ထားသော ပြစ်ဒဏ်နှင့်ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)