မက်မန်းမြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဆောင်းနေကြာနှင့် ပဲပုတ်စိုက်ပျိုးထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

မက်မန်း ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာနှင့် ပဲပုတ်စတင်စိုက်ပျိုးထားရှိမှုအခြေအနေကို တာဝန်ရှိသူများက ယမန်နေ့နံနက်(၉)နာရီက အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာရှိ နမ့်နန်းချောင်း စံပြစိုက်ကွက်သို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင်  မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဆောင်းနေကြာ(ဆင်းရွှေကြာ)နှင့် ပဲပုတ်(ရေဆင်း-၁၅) စိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မက်မန်းမြို့နယ်အတွင်း ယခုနှစ်စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှု (၁၀)ဧကလျာထားပြီး (၁၉)ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှ သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)