မိုင်းရယ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ မြို့တွင်းလမ်းများနှင့် မြို့နယ်ချင်းဆက်လမ်းများရှိ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မိုင်းရယ်မြို့နယ် မြို့တွင်းလမ်းများနှင့် မြို့နယ်ချင်းဆက် လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်းအပိုင်းများတွှင် ၂၀၂၂ ခုနှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်မှု နည်းဉပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေးအတွက် ဟိုယ-တန့် ယန်းလမ်းအပိုင်၊ လားရှိုး-မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းနှင့် မြို့တွင်းလမ်းများ၏ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ပြုပြင်ရန် လိုအပ်မှု ရှိ/မရှိ၊ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်မှုရှိသည့် လမ်းအပိုင် စသည့်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)