မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

မင်းလှ  ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိဈေးအားလုံးမှ ဈေးသူဈေးသားများနှင့် မြို့နေပြည်သူများအန္တရာယ် ကင်းစိတ်အေးချမ်သာစွာ ဈေးရောင်းဈေးဝယ်ခြင်းများ ဆောင်ရွက်ကြစေရန်နှင့် ဈေးသူဈေးသားများ၏ မိသားစုစီးပွားရေးလုပ်ငန်းများအား အစဉ်ကြည့်ရှုစောင့်ရှောက်ရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၃ နာရီချိန်က မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မီးဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအမူဆောင်အရာရှိ ဒေါ်သီတာဝင်းနှင့်ဝန်ထမ်းများသည် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီသတ်တာဝန်ခံဦးစိန်ဝင်းတို့ပူးပေါင်းကာ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်မီးသတ်ကားများဖြင့် သရုပ်ပြရေဖြန်းမီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးလက်တွေ့အသုံးပြုပြသခြင်း၊ ဂက်(စ်)မီးငြိမ်းသတ်နည်းတို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့သည်။

အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးလှဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ