ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

ဒေးဒရဲ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁) နာရီက ​အစိပ်တော်ကမံကျေးရွာအုပ်စု၊ တော်ကမံကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မွန်းလွဲ(၁)နာရီတွင် တော်ကမယ်ကျေးရွာအုပ်စု၊ တော်ကမယ်ကျေးရွာ ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတို့တွင်  ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)  ဗိုလ်မှူးမွန်မြတ်သူစိုးက  ပြည်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ၊  ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန်၊ ကျေးရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီ၊ အတွင်းရေးမှူး ရဲမှူး သက်နိုငဦးက တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးခဲ့ရာ၊ ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်ပေးနိုင်ရေး၊ နွေစပါး ရေလုံလောက်စွာရရှိရေး၊  သွင်းအားစုလုပ်ငန်းများ စျေးနှုန်းချိုသာစွာရရှိနိုင်ရေးနှင့် ရပ်ရွာမီးဘေးလုံခြုံရေးကိစ္စရပ်များ၊၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ ဆက်)