မိုးမိတ်မြို့နယ် တောင်ကိုင်းကျေးရွာ မူလတန်းကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော

မိုးမိတ်  ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို တောင်ကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့  နေ့လည် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က   မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးဘေးလုံခြုံမှုနှင့် မီးသတိပြုမှုရှိစေရေးတို့အတွက် အလေးထားဟောပြောခဲ့ပြီး၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ရေးသရုပ်ပြခြင်း၊ ဖုံးအုပ်ငြိမ်းသတ်၍သရုပ်ပြခြင်း၊ အဆင့်မြှင့်ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများ အသုံးပြုပုံအား သရုပ်ပြခြင်းနှင့်မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ ဆက်)