ဟိုပန် ဒီဇင်ဘာ ၁၇
ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၅ နာရီခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်တွင် ပြုလုပ်ခဲ့သည်။
လမ်းလျှောက်ပွဲသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများပါဝင်ခဲ့ကြပြီး လွတ်လပ်ရေးကျောက်တိုင်မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ အကြောလျော့လေ့ကျင့်ခန်း၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအမှတ်(၁)၊ (၂)တို့ကို တပျော်တပါး စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်