ထားဝယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင် းအသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်   ဒီဇင်ဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအကြောင်း အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက  ထားဝယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်း၌ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် အမှတ်(၁၀)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးရဲမှူး အောင်လွင်က မြန်မာနိုင်ငံတွင် အရေးယူဆောင်ရွက်ခဲ့သည့် ကလေးသူငယ်များ လိင်အလွဲသုံးစာခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ဆက်စပ်ပြစ်မှု ပြစ်ဒဏ်များ အကြောင်း ထားဝယ်အနေဖြင့် ၂၀၂၂ ခုနှစ်။ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများကို အသိပညာပေးဟော ပြောခဲ့သည်။

ထို့နောက် အမှတ်(၁၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုက တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်  မူကြိုကျောင်းမှ သင်တန်းသား/သူများအား  လူကုန်ကူးမှုအသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)