ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်   ရပ်ကျေးစာရေးများ၏  ဒီဇင်ဘာလ ဒုတိယ​ပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငပုတော  ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်၊ ရပ်ကျေးစာရေးများ၏  ဒီဇင်ဘာလ ဒုတိယပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အအဖွဲ့ဝင် (၂)ဦးသန်းဦး၊ အဖွဲ့ဝင် (၃)ဦးမောင်မောင်လွင်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ရပ်ကျေးစာရေးများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်ကျေးရွာအုပ်စုအလိုက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ ရပ်ကွက်၊ ကျေးရွာ သန့်ရှင်းသာယာလှပစေရေး၊ အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်ပြည့်စုံစေရေး၊ မြေပြင်လူဦးရေ စာရင်းများမှားယွင်းမှုမရှိစေရေးအတွက် စာရင်းကောက်ဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးနှင့်ပတ်သတ်၍ ရိုးပြတ်ကျန်ဧကများ မရှိစေရေး၊ နွေစပါးစိုက်ဧကများကို လျာထားချက်များနှင့်အညီ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ ကျေးရွာအုပ်စုများအတွင်း လောင်းကစားမှု မရှိစေရေးနှင့် ပပျောက်စေရေး၊ စိုက်ဘဏ်ကြွေးများ ပြန်လည်ပေးသွင်းရန် ကျန်ရှိသော အုပ်စုများအနေဖြင့် သတ်မှတ်ရက်မတိုင်မှီ ပြန်လည်ပေးသွင်းနိုင်ရေး၊ ရယစ်မျိုးလိုင်စင်များ လိုင်စင်မဲ့မရှိစေရေးနှင့် သက်တမ်းတိုးရန်ကျန်ရှိပါက စိစစ်နိုင်ရေး၊ ကျေးရွာအုပ်စုများတွင် သဘာဝဘေးအန္တရာယ်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်မှီသတင်းပေးပို့နိုင်ရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးသန်းဦးက ကျေးရွာသန့်ရှင်းသာယာလှပစေရေးတို့အတွက် လိုအပ်သည်များကိုမှာ​ကြားခဲ့သည်။ ထို့နောက်

အဖွဲ့ဝင်(၃) ဦးမောင်မောင်လွင်က မြေပြင်လူဦးရေးစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုများနှင့် အခြားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများနှင့် ရပ်ကျေးစာရေးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အ​ခြေအနေများနှင့် လိုအပ်သည်များ ပြန်လည်တင်ပြလာမှူများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာ  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ ဆက်)