ကနီ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက ကနီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးအနှစ်သာရသိရှိစေရေး၊ လွတ်လပ်ရေးနေ့ကို အစဉ်သတိရနိုးကြားစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲများတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပြည်သူ့အသက်သွေးလွတ်လပ်ရေး ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦး၊ အလယ်တန်းအဆင့်တွင် ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၃) ဦး ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ယင်းပြိုင်ပွဲမှ ဆုရရှိသူများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိုနယ်( ပြန်/ ဆက်)