(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ငါးဆူတောင်ကျေး ရွာ ကွန်ကရစ်လမ်းဖွင့်

ရန်ကုန် ဒီဇင်ဘာ ၃၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ၊ ကွန်ကရစ်လမ်းဖွင့်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်နှင့်ဝန်ထမ်းများ၊ ဒေသခံကျေးရွာပြည်သူများတက်ရောက်ကြသည်။

ဦးစွာငါးဆူတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကလမ်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ကကွန်ကရစ်လမ်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငါးဆူတောင်ကျေးရွာ၊ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူများနှင့်အတူလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်လမ်းတံတားများ၊ လမ်းများ၊ ကျေးလက်ထုတ်ကုန်များ သက်သာစွာဖြင့် ဈေးကွက်သို့အမြန်ရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးကိစ္စရပ်များနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်စေရေး ကျေးလက်လမ်းကွန်ယက်များ အသုံးပြု၍ လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံကိန်းများအား ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ၊တံတားများအဖြစ် အသုံးပြုနိုင်ရန်အဆင့်မြင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုငါးဆူတောင် (၂)ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်းသို့သွားသော လမ်းအရှည် (၅၁၀၀ပေ) အကျယ်၁၂ပေ၊ ထု၇လက်မ)အား (၂၀၂၂-၂၃) ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ (၃၉၇.၉၅၄ကျပ်သန်း)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ ဆက်)