စဉ့်ကူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

စဉ့်ကူး ဒီဇင်ဘာ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲ ကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်တွင် “လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးက လည်းကောင်း၊ မူလတန်းအဆင့်တွင် “လွတ်လပ်ရေးနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ကလည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)