နမ္မတူ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြု သင်တန်းကို ဒီဇင်ဘာလ (၂၆)ရက်နေ့က နမ္မတူမြို့နယ် ကြူဆော့ကျေးရွာကို အခြေပြု၍ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်ထံက သိရသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၅)ရက်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကာ ဝက်မွေးမြူရေးနည်းလမ်းများနှင့် ဒေသတိုင်းရင်းဟင်းစားကြက်မွေးမြူရေးနည်းလမ်းများအား ပို့ချခဲ့ပြီး သင်တန်းစိတ်ခွဲအလိုက် ဇီဝမြေဩဇာပြုလုပ်နည်းကို သင်တန်းသားအားလုံးနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ ဆက်)