အောင်လံ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား ရှင်းပြခဲ့ပြီး သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက် များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စည်းလုံးညီညွတ်မှုကို တည်ဆောက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် လွတ်လပ်ရေး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ စည်းလုံး ညီညွတ်စွာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်၊ လွတ်လပ်ရေးကို ကာကွယ်ပါ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေး ပန်းမို့မနွမ်းစေချင် ကဗျာ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်ဖြစ်သည့် နိုင်ငံသားအားလုံးတွင် အပြည့်အဝတာဝန်ရှိ၊ ပြည်ထောင်စု အမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့ စသည့် ဆောင်ပုဒ်များ၊ ကာတွန်းများ၊ ကဗျာများ ပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်အား ဟောပြောပွဲ တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)