ကြံခင်း ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အိမ်ထောင်စု (၁၂၀၀)စုအား “နှစ်ဦးအလှူတော်”အဖြစ် တစ်အိမ်ထောင်လျှင်ငွေကျပ် (၅၀၀၀၀) ထောက်ပံ့ပေးခြင်းကို ရွှေတောင်စုရပ်ကွက် ဓမ္မာရုံတွင် ထောက်ပံ့ငွေများပေးခဲ့ကြောင်း သိရသည်။
၂၀၂၃ခုနှစ် “နှစ်ဦးအလှူတော်”အဖြစ် ကိုဝင်းသူ+မအေးသီတာမိသားစု (ဇေယျာမိုးမြင့် ကုမ္ပဏီလီမီတက်၊ ရန်ကုန်မြို့)မှ ကြံခင်းမြို့နယ် ရွှေတောင်စုတစ်ရပ် ကွက်လုံးဆိုင်ရာဖြစ်သော ဗိုလ်ကုန်းရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်၊ ထန်းငါးပင်၊ ကျောက်ပုံ၊ ဧရာနိုင် ၊ တိုးချဲ့ရွှေတောင်စု၊ ချောင်းဝရပ်ကွက်များရှိ အိမ်ထောင်စု(၁၂၀၀)စုအား တစ်အိမ်ထောင်လျှင်(၅၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်သိန်းပေါင်း(၆၀၀)ကျော်ကို“နှစ်ဦးအလှူတော်”အဖြစ်လှူဒါန်းပေးခဲ့ကြောင်း ရွှေတောင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူထံကသိရသည်။
မြို့နယ်(ပြန်/ဆက်)