သတင်းများ

ကျောက်ဆည်မြို့တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘော အားကစား ပြိုင်ပွဲများကျင်းပ
Jan 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ပြည်သူ့ပန်းခြံ ဘော်လီဘောကွင်းတွင် ယနေ့နံနက် (၉)နာရီအချိန်က  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘော အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ လူငယ်ဘော်လီဘော်အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ် လှုပ်ရှားမှုဆောင်ရွက်
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ် လှုပ်ရှားမှု့ကို ယနေ့  နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာခန်းမရှေ့၊ ဒဂုံ-မန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ မီးပွိုင့်နှင့် အလယ်ခင်ကျေးရွာ စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထီးချိုင့်မြို့နယ် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jan 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မြို့သစ်မြို့ရှိ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ပန်းပဲဖိုလုပ်ငန်းများ ပြန်လည်အသက်ဝင်စပြုလာ
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ မြန်မာ့ရိုးရာလက်မှု့ပညာတစ်ခုဖြစ်သည့် ပျောက်ကွယ် လုနီးပါးဖြစ်နေသော ပန်းပဲဖိုလုပ်ငန်းများ ပြန်လည်အသက်ဝင်စပြုလာပြီဖြစ်ကြောင်း မြို့သစ်မြို့ရှိပန်းပဲလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။
ကျိန္တလီမြို့တွင် မွေးကင်းစကလေးမှ အသက်(၁)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Jan 02,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်အောက်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှ ညနေ(၃) နာရီအချိန်က ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 02,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က အခြေခံပညာကျောင်းသား၊‌ ကျောင်းသူများ လက်ဝယ်အ‌ရောက် ဖြန့်ဝေပေးခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နေလည် ၁၂ နာရီအချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် အ.ထ.က ကျောင်းရှေ့တွင် ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ကျင်းပ
Jan 02,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။