ရွှေကျင် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်အားအစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် ကျား(၁၁၃)ဦး၊ မ(၃၄) ဦး စုစုပေါင်း (၁၄၇) ဦး တို့ပါဝင်ယှဉ်ပြိုင်ကြသည်။ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို စလူချောင်းကျေးရွာ အ-ထ-က(ခွဲ) ကျောင်းရှေ့မှ စတင်တာလွတ်၍ မြို့ပေါ်လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ပန်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် (၁) မှ (၁၀) ထိ တစ်ဦးလျှင် (၁၅၀၀၀)ကျပ် နှင့် ပန်းဝင်သူ အားကစားသမားအားလုံးကို (၅၀၀၀) ကျပ်နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ချီးမြှင့်ပေးခဲ့ပြီး ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများအား ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ ဆက်)