ကျွန်းစု ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မွေးစမှ အသက်(၆)လ အရွယ် ကလေးငယ်(၁၀)ဦး၊ အသက်(၆)လမှ (၁)နှစ် အရွယ် ကလေးငယ်(၁၁)ဦး၊ အသက်(၁)နှစ်မှ (၁နှစ်)ခွဲအရွယ် ကလေးငယ်(၁၂)ဦး၊ စုစုပေါင်း(၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကလေးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးမှုဖြစ်သော ကိုယ်အလေးအချိန်၊ အရပ်အမြင့်များကို တိုင်းတာ၍ ကိုယ်အလေးအချိန် ကတ်ပြားရရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကိုလည်းကောင်း၊ (ဆံပင်၊ မျက်စိ၊ နား၊ နှာခေါင်း၊ သွား၊ လျှာ၊ အရေပြား၊ လက်သည်း၊ ခြေသည်း) ကျန်းမာသန့်ရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ နှာစေးချောင်းဆိုး၊ သံကောင်ရောဂါ၊ အရေပြားဝဲယားနာ၊ ကင်းရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ အသက်အလိုက် သတ်မှတ် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားမှု ရှိ/ မရှိတို့ကို စစ်ဆေးအမှတ်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးက ကလေးပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသက်အရွယ်အလိုက်ဆုရရှိသော ကလေးများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု မေတ္တာလက်ဆောင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်းက ချီးမြှင့်ပေးအပ်သော ဆုငွေများ၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင် မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်းက ချီးမြှင့်ပေးအပ်သော ဆုငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကလေးငယ်များအား နှစ်သိမ့်ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်