ဟင်္သာတ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ရုံးကြီး ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ မြို့မရဲစခန်း စစ်ရေးပြကွင်းတွင် တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအား နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ကင်းစွာ မီးငြိမ်းသတ်နိုင်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ယနေ့နံနက် ၁၀နာရီက သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ ဟင်္သာတခရိုင်လျှပ်စစ်ဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဦးစီးမှူး ဦးဝင်းမောင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးယူဏီယံအောင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်ဦး၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများက စခန်းရုံး၊ ရဲစခန်းအချုပ်၊ လက်နက်/ ခဲယမ်းစတိုတို့တွင် လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများ၊ မီးသတ်ရေကန်အသင့် ထားရှိမှု၊ မီးချိတ်/ သဲပုံး/ ရေပုံးတို့ ပြင်ဆင်ထားရှိမှု များအား လိုက်လံစစ်ဆေးခြင်း၊ မီးငြိမ်းသက်ရေး သရုပ်လေ့ကျင့်မှုအား လာရောက် မကြည့်ရှုနိုင်သည့် မိသားစုဝင်များထံသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ လျှပ်စစ်မီးအား စနစ်တကျအသုံးပြု တတ်စေရေး၊ နေအိမ်လိုင်းခန်းပတ်ဝန်းကျင်တွင် အမှိုက်များရှင်းလင်းစေရေး လိုက်လံ အသိပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)