မြင်းခြံမြို့တွင် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

မြင်းခြံ ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

မြင်းခြံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘောလီဘောပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများဖြစ်သည့် အိတ်စွပ်ပြေး၊ ဗန်းရွက်၊ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲနှင့် လွန်ဆွဲပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားအသင်းများအား မြင်းခြံမြို့နယ်တွင်ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆုများအသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ကျော်စွာ