မိုးညှင်း ဇန်နဝါရီ ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၃) ရက် နံနက် (၁၀) နာရီက ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းသူနှစ်ဦးက “ဗိုလ်ရှုသဘင်” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ သမိုင်းဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာဝေဝေဟိန်းက “တန်ဘိုးမဖြတ်နိုင်သည့် လွတ်လပ်ရေးအမွေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် မြန်မာစာဌာနမှ ဆရာမနှစ်ဦးက “ထာဝရအဓိဌာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ သင်ကြားစီမံဌာနမှဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၃၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း