ကျောက်တံခါး ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ် လှုပ်ရှားမှု့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာခန်းမရှေ့၊ ဒဂုံ-မန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ မီးပွိုင့်နှင့် အလယ်ခင်ကျေးရွာ စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတေကာကပ် လှုပ်ရှားမှု့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းလတ်နှင့် ဌာနဆိုင်ရာတို့က မြို့နယ်စည်ပင်သာယာခန်းမရှေ့၊ ဒဂုံ မန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ မီးပွိုင့်နှင့် အလယ်ခင်ကျေးရွာ စစ်ဆေးရေးဂိတ်တို့တွင် ခရီးသွားမော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များအား၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စတေကာများ ကပ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)