ထီးချိုင့် ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့ခိုင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည် ခေါင်းဆောင် ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ လွတ်လပ်ရေးအရယူခဲ့သော ခေါင်းဆောင်များ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် လွတ်လပ်ရေး အရယူကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး များအား ကျောင်းသား/သူလေးများအနေဖြင့် မှတ်မှတ်ထင်ထင်ရှိစေရန်နှင့် လေးစားအတုယူဖွယ် ကောင်းကြောင်းတို့ကို ဟောပြောခဲ့ရာ ကျောင်းသား/သူလေးများက စိတ်ဝင်စားစွာ နားထောင်ခဲ့ကြ ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်းအရာများစွာပါသော စာအုပ်စာစောင်များကို ပြသရာ ကျောင်းသား/သူလေးများက စိတ်ဝင်တစားလေ့လာကြည့်ရှု့ခဲ့ကြ ကြောင်း သိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)